Blog

နှစ်‌ပေါင်း၂၀၀၀ ကျော်ခန့် သက်တမ်းရှိသောလျှပ်စစ် ဓါတ်ခဲ

နှစ်‌ပေါင်း၂၀၀၀ ကျော်ခန့် သက်တမ်းရှိသောလျှပ်စစ် ဓါတ်ခဲ

ယုံကြည်ရခက်ပေမယ့် ဒါဟာတကယ်ရှိနေပါတယ်၊ ဘဂ္ဒက်ပြတိုက်တွင် ဤအံ့သြဖွယ်ရာ ရှေးဟောင်း ဓါတ်ခဲများကို ဒါဇင်နှင့်ချီ၍ ထိန်းသိမ်းထားရှိပြီး အစောဆုံးသော ဓါတ်ခဲမှာ 

ခရစ်တော်မပေါ်မီ ၂၅၀ ခုနှစ်ခန့်က ဖြစ်ပါတယ်။ထို့ကြောင့် လွန်ခဲ့သောနှစ်‌ပေါင်း၂၀၀၀ ကျော်က လူသားတို့သည် ဓါတ်ခဲကို တီထွင်နိုင်ခဲ့ကြောင်း သက် သေပြနေပါတယ်။

၁၉၃၆ ခုနှစ်က ဘဂ္ဒက်မြို့အနီးတွင် တွေ့ရှိခဲ့သော ဤအံ့ဖွယ်ပစ္စည်းကို “ပါရှန်းဓါတ်ခဲ” ဟု ခေါ်ဆိုပြီး ကြွေအိုး၊ သတ္တုချောင်း၊ သံချောင်းတို့ဖြင့် ပြုလုပ်ထားပြီး အားလုံးကို ကတ္တရာကဲ့သို့အရာတစ်မျိုး နှင့် အလုံပိတ်ထားပါတယ်။

ဒီရှေးဟောင်းပစ္စည်းကို အက်စစ်ပါဝင်သော အရည်ပြန်ဖြည့်လျှင် ယနေ့ခေတ် ကာဗွန်-ဇင့်ဓါတ်ခဲများကဲ့သို့ လျှပ်စစ်ဓာတ်အား ၀.၅ဗို့ကနေ ၂ ဗို့ခန့် ထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။

သို့သော် ဤ "ပါရှန်းဓါတ်ခဲ" ၏ ဖြစ်လာပုံနှင့် ရည်ရွယ် ချက်မှာ လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်ပြီး မည်သူက တီထွင်ခဲ့သည်၊ မည်သည့်ရည်ရွယ်ချက်ဖြင့် တည် ဆောက်ခဲ့သည်၊ သိပ္ပံနည်းကျ ဒီဇိုင်းကို ဘယ်လိုပြုလုပ်ခဲ့ကြသလဲဆိုတာကိုတော့ ရှေးဟောင်းစာပေများတွင်ဖော်ပြထားခဲ့ခြင်းမရှိပါဘူး။

မည်သို့ပင်ဆိုစေကာမူ ဤရှေးဟောင်း ပစ္စည်းများ ရှာဖွေတွေ့ရှိမှုက ကျွန်ုပ်တို့ဘိုး‌ဘေးများသည် လျှပ်စစ်ဓာတ်အားကို နားလည်သဘောပေါက်မှုရှိခဲ့ကြောင်း ညွှန်ပြနေပြီး ကျွန်ုပ်တို့ လျှပ်စစ်ဓာတ်အားကို တွေ့ရှိသည့်အချိန်ထက် နှစ်ပေါင်း ၁၇၀၀ ခန့်ပိုမို စောစီးစွာ ကြိုတင်သိမြင်နေခဲ့ကြတာဖြစ်ပါတယ်။

Related Articles